မိုင်းခုတ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးသော ဓာတ်မြေသြဇာ (၅) အိတ်အားတောင်သူများထံသို့ ထောက်ပံပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က အမှတ်(၁) ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထက်ညီရဲက အဖွင့်အမှာစကား ပြောကြားရာတွင် မိုးစပါးပန်းတိုင် အထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာ (၅)အိတ်အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်အတွင်း စားရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးကဏ္ဍများတွင် အောင်မြင်အောင်ဆောင်ရွက်စေလိုပါကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာအကူအညီများကို စိုက်ပျိုးရေးဌာနနှင့်ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးထက်ညီရဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစဌေးဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တောင်သူများအား ဓာတ်မြေသြဇာများနှင့် နှစ်ရှည်သီးနှံပင်ဖြစ်သော ကော်ဖီပင်များကိုလည်း ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)