တံတားဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့မအခြေခံပညာ အလယ်တန်းကျောင်း အဆောင်များအား ခြင်ဆေးဖျန်းလုပ်ငန်းများဆောင်ရွက်

တံတားဦး  စက်တင်ဘာ  ၅

တံတားဦးခရိုင် တံတားဦးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း အဆောင်များအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို  ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါခြင်ဆေးဖျန်းခြင်းကို တံတားဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူရေးအသင်းများနှင့်အတူ ကျောင်းခန်းမများ၊ အဆောင်များ၊ ဆရာ/မများ၏ နားနေဆောင်များ ပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သည့်နေရာများအပြင် Abate ဆေးခပ်ခြင်းများလည်း ဆောင်ရွက်ပေးကြသည်။

မိုးရာသီအချိန် ပေါင်းမြက်များ  ထူထပ်စွာပေါက်ရောက်ပြီး ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီးနှစ်စဉ်နှစ်တိုင်း အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပြီး လိုက်လံကူညီဆောင်ရွက်ပေးကြောင်းလည်းသိရသည်။

ရဲတင့်( ပြန်/ဆက်)