မက်မန်း စက်တင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ပြသရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားရေး၊ အတုယူလိုက်နာနိုင်ရေးအတွက် ဒေသအတွင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းသားကျောင်းသူများ၏ ပြိုင်ပွဲဝင်မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံကျော်အား ကစားသမားများ၏ မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံအတွင်းရှိ စာပေရှင်များ၏ မှတ်တမ်းဓာတ်ပုံများ၊ အနုပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများ၊ ကာတွန်းများ၊ ဆောင်းပါးများဖြင့် ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)