မြစ်ကြီးနားမြို့၌ ကလေးသုံးမွှာပူးမွေးဖွားသည့် မိသားစုအား ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား စက်တင်ဘာ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက  မြစ်ကြီးနားမြို့၊ ပုဂ္ဂလိပိုင် အေးသုခဆေးရုံကြီး၌ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲက ကလေး သုံးမွာပူးမွေးဖွားခဲ့သည့် မိသားစုအား ထောက်ပံ့ငွေများ သွားရောက်‌ထောက်ပံ့ပေးအပ်သည်။

ထို့သို့သွားရောက် ထောက်ပံ့ပေးအပ်ရာသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် တာဝန်ရှိသူများက ကလေးသုံးမွှာပူး မွေးဖွားသည့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင်နေထိုင်သော ဦးရှုမောင်မောင်၏ အမျိုးသမီး ဒေါ်ရှုမဆာ မွေးဖွားသည့် သားငယ် သမီးငယ်များမှာ မောင်‌ဇိုင်ယန်ရှု (2.2 Kg)၊ မပရီတီရှု (2.1Kg)နှင့် မခရှုတီရှု(2.1Kg) တို့အား သွားရောက်ကြည့်ရှုအားပေးကာ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့သည့် ငွေကျပ် ငါးသိန်း (၅၀၀၀၀၀) အား ပြည်နယ် လူမှုရေးရာဝန်ကြီးက ထောက်ပံ့ပေးအပ်သည်။

အဆိုပါ သုံးမွှာပူး ကလေးငယ်များသည့် ဒေါ်ရှုမဆာ၏ သားဦးကိုယ်ဝန်ဖြစ်ကြောင်း‌နှင့် ကလေးငယ် (၃) ဦးနှင့် မိခင်ဖြစ်သူမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)