နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍ ချေးငွေများဖြင့် မွေးမြူထားသော ကြက်ခြံ၊ဝက်ခြံများ၏ မြေပြင်အခြေအနေမှန်များကို ကွင်းဆင်းစစ်ဆေး

အမရပူရ စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ပြည်ထောင်စုဘက်ဂျက်ဖြင့် နိုင်ငံစည်းပွားမြှင့်တင်ရေးကဏ္ဍတွင် ကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပြီးဖြစ်ရာ အထက်ပါချေးငွေများဖြင့် မွေးမြူထားသော ကြက်ခြံ၊ဝက်ခြံများ၏ မြေပြင်အခြေအနေမှန်များ သိရှိနိုင်ရန် ယမန်နေ့ နံနက်ပိုင်းကစတင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာခင်ဇော်နှင့် အမရပူရမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက​ချေးငွေများဖြင့် မွေးမြူထားသောကြက်ကောင်ရေသုံးထောင် (တစ်ယူနစ်)ကိုငွေကျပ် သိန်း၁၅၀ နှုန်းဖြင့် ကြက်မွေးမြူသူ   ၇ ဦး ၁၂ယူနစ်၊စုစု​​ပေါင်းချေးငွေ ကျပ် ၁၈၀၀ သိန်းနှင့်ဝက်ကောင်ရေ ၁၀၀(တစ်ယူနစ်)ကျပ် ၃၅၀ သိန်း၊ ဝက်မွေးမြူသူနှစ်ဦးမှ နှစ်ယူနစ်၊ စုစုပေါင်းချေးငွေကျပ် ၇၀၀ သိန်းစုစုပေါင်းချေးငွေကျပ် ၂၅၀၀ သိန်းကို သတ်မှတ် ချက်များနှင့်အညီ မွေးမြူထားခြင်းရှိ၊မရှိကို ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)