လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre Lashio) တွင် ဇီဝဆိုင်ရာအချက်အလက်(BIOMETRIC) စာရင်းကောက်ယူခြင်းများ ဆောင်ရွက်

လားရှိုး စက်တင်ဘာလ ၅

နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယမန်နေ့က လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန(Community Centre Lashio) တွင် ပြုလုပ်သည်။

ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူရာသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်တို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံးမှ  ဝန်ထမ်းများ၏ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။

ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းကို စက်တင်ဘာလ ၄ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ ခရိုင်ရုံးမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ  အချက်အလက်များကို စာရင်းကောက်ယူပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို ဦးတည်အုပ်စုသတ်မှတ် အစီအစဉ်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)