အောင်မြေသာစံ စက်တင်ဘာ ၅
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၏ (D)ဆောင်တောင်ဘက်ခြမ်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဥ်အရ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က အဖွင့် အမှာစကားပြောကြားပြီး ကာယဗလဖွံ့ဖြိုးရေးလှုပ်ရှားမှု စုပေါင်းကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် Physical Fitness Dance လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ထိုင်ခုံလုတမ်းကစားကြပြီး ဆုရရှိသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များက ဆုချီးမြှင့်ပေးကြသည်။
အခမ်းအနားသို့ မန္တလေး၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွဲကြကြောင်းသိရသည်။
မြင့်မော်ထွန်း