လွိုင်လင်မြို့ မြို့ရှောင်လမ်းဖောက်လုပ်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ကြည့်ရှုစစ်ဆေး

လွိုင်လင်  စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်လမ်းဦးစီးဌာနမှ ဆောင်ရွက်မည့် လွိုင်လင်-တောင်ကြီး ပြည်ထောင်စုလမ်းပေါ်ရှိ ပန်ဝိုးကျေးရွာ - ဝါးတောကျေးရွာ - နောင်တောင်းကျေးရွာ - နောင်ဟူးကျေးရွာလမ်း(မြို့ရှောင်လမ်း) လမ်းအရှည် (5.607 Km)အား (10.67 m)အကျယ်ရရှိအောင် လမ်းတာချဲ့၍ (150 mm ,150 mm, 75 mm)ထုနှင့် (225 mm)ထု ကတ်တရာခင်းရန် လုပ်ငန်းဆောင်ရွက်နေသည့် နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် (၁၁:၃၀)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ လမ်းဦးစီးဌာန ဦးနိုင်ဝင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ))က လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပစ္စည်းစုဆောင်းထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ မှာကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)