ဗိုလ်တထောင် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်ရှိ အ.ထ.က (၅) ကျောင်းတွင် ယမန်နေ့ နံနက် ၁၀နာရီမှ ၁၂နာရီခွဲ အချိန်အထိ Grade-6၊ Grade-9 အတန်းမှ ကျောင်းသားကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှုမခံရစေရေး အသိပညာပေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Social Media သုံးစွဲမှုအကျိုး၊ အပြစ်များကို အသိပညာပေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စည်သူ၊ အဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ဇင်သိန်း၊ အ.ထ.က (၅) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်တို့မှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပြီး သူငယ်တန်းကျောင်းသား/ ကျောင်းသူ (၇၀) ဦးအား သွားတိုက်တံ၊ သွားတိုက်ဆေး အစုံ (၇၀) ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)