တာချီလိတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မြို့သာယာလှပရေး၊ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံခြားပို့ကုန်အမယ်သစ်များ ပေးပို့နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်ရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေး၊ MSME လုပ်ငန်းများ တိုးချဲ့နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပနိုင်ရေး၊ နယ်မြေဒေသလုံခြုံရေးတို့နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စီမံကိန်းလျာထားချက်များပြည့်မီရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နယ်မြေဒေသလုံခြုံရေးဆောင်ရွက်နေမှုတို့နှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)