ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျောက်ဆည်  စက်တင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီအချိန်က ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အဖြစ်  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိရေးတို့အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် ပညာ ရေးမှူး ဦးညီညီမင်းက အမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့“ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း များမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်