ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မီးသတ်စခန်း၏ အနောက်ဘက် (၂)မိုင်ခန့်အကွာ အမှတ်(၇) ဝက်ကြီးအင်ရပ်ကွက်၌ သစ်ပင်လဲ၍ လမ်းပိတ်ဆို့နေသည့် ထနောင်းပင်အား ညောင်ဦးခရိုင်/မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက် ၁၁ နာရီအချိန်ခန့် ဝက်ကြီးအင်းရပ်ကွက်၌ ထနောင်းပင်လဲကာလမ်းပိတ်ဆို့နေခြင်းအား ညောင်ဦးခရိုင်မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်မှ ဦးဆောင် သောမီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ အထောက်အကူပြု ယာဉ်(၁)စီးနှင့် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင် (၇)ဦး၊ လူမှုကယ်ဆယ်ရေးယာဉ် (၁)စီးတို့ဖြင့် လမ်းပိတ်ဆို့လဲကျနေသည့် ထနောင်းပင်အား ဖြတ်တောက်ကာ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါထနောင်းပင်သည် နှစ်သက်တမ်း (၄၀)နှစ်ခန့်၊ ပင်စည်လုံးပတ် (၅)ပေပတ်လည်၊ အမြင့်ပေ (၅၀)ခန့်ရှိ ထနောင်းပင်သည် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားခိုင်မာမှုမရှိဘဲ အမြစ်ခြေမှ လဲကျခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါထနောင်းပင်လဲကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ဒီပါလင်း