မင်းပြား စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်က မင်းပြားမြို့နယ် ပညာရေးမှုးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် ရိုးရာဓလေ့များ တိမ်ကောမပျောက်ကွယ်ရန်၊ ယဥ်ကျေးမှုကိုအစဥ်အလာမပျက်ထိန်းသိမ်းစေရန်၊ မြန်မာ့တို့၏ မြတ်နိုးဖွယ် အဆို၊ အက၊ အရေး၊ အတီး၊ အမှုတ်သံစဥ်ပညာရပ်များကို ရေရှည်တည်တံ့စေရန်၊ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်အခြေခံပညာအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက သတ်မှတ်အဆိုတေးသီချင်းများဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြရာ ကာလပေါ်တေးပြိုင်ပွဲ၌ အခြေခံပညာအဆင့် အသက် (၁၀-၁၅)နှစ် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး၊ အခြေခံပညာအဆင့် အသက်(၁၅-၂၀)နှစ်ကာလပေါ်တေးပြိုင်ပွဲ၌ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ မဟာဂီတတေးပြိုင်တွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ် အမျိုးသမီး(၁)ဦးအား ရွေးချယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ဆုရပြိုင်ပွဲဝင်များသည်ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဆက်လက်ယှဥ်ပြိုင်သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။
သောင်းရွှေ ( ပြန်/ဆက်)