ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း လယ်ယာမြေကို အခြားနည်းသုံးစွဲထားရှိမှုများမှ ဖြေရှင်းရန်ဆောင်ရွက်ရန်နှင့် ထပ်မံ မဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းစံနှုန်းများအား ရှင်းလင်းဆွေးနွေးခြင်းကို စက်တင်ဘာလ(၂)ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ထန်းတပင်မြို့နယ်အတွင်း လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများမှ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ၊ နောင်တွင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ စာရင်းကောက်ယူ၍ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ပြုစုတင်ပြနိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်သွားကြရန်နှင့် အချိန်မီ စာရင်းပြုစု စိစစ်ဆောင်ရွက်နိုင်ရန်အတွက် (Standard Operating Procedure-SOP) မြို့နယ် ကော်မတီများအပြင် ဌာနဆိုင်ရာများအားလုံး အချိန်မီပြီးစီးရေး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက ဆောင်ရွက်မည့်လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP) ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီဝင်များ၊ မြေတိုင်းစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)