မိတ္ထီလာ အ.ထ.က(၃)၌ စာပေဟောပြောပွဲ ကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အ.ထ.က(၃) အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီအချိန်က စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲတွင် ရှေးဦးစွာ စာရေးဆရာမ မေကျော့ရှင်း၏ ကိုယ်ရေးအကျဉ်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဖတ်ကြားသည်။ ၎င်းနောက် “အသိပညာနှင့် ကိုယ့်ကျင့်တရား” ခေါင်းစဉ်ဖြင့် စာရေးဆရာမ မေကျော့ရှင်း ဟောပြောခဲ့ပြီး အ.ထ.က(၃) ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ စာပေဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်​ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်း နာယက ဘိုမျိုး(ရွှေဘို)နှင့် စာရေးဆရာများ၊ အ.ထ.က(၃)မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ