တွံတေး စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၊ ဝက်ချောင်းကျေးရွာအုပ်စု၊ရေဝက်ချောင်းကျေးရွာတွင် အလှူရှင်းများစု ပေါင်းလှူဒါန်းမှုဖြင့် ကွန်ကရစ်တံတားသစ်ကို တည်ဆောက်ပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါ ဒေါ်မလေးချောင်းမှာ အိုးဖိုအနောက်ရပ်ကွက်နှင့် ရေဝက်ချောင်း၊ အုန်းပင်ချောင်း ကျေးရွာချင်း ဆက်လမ်းပေါ်တွင်တည်ရှိပြီး ယခင်က ဝါးဘိုးလုံးဖြင့်နှစ်စဥ်အရှည်ပေ ၉၀ကို နှစ်ပေါင်း ၃၀ ကျော်ထိ နှစ်စဥ်ထိုးလာရသော ဝါးတံတားအဆင့်ကနေ ၂၀၂၃ ခုနှစ် မေလမှစ တင်ကာ အလှူရှင်ဦးကြည်ဝင်းမိသားစု (ပတ္တာမြားသိဒ္ဓိ)က မတည်ကာကျေးရွာသူ၊ ကျေးရွာသား များ စုပေါင်းပြီး အရှည်ပေ ၉၀ ၊ အကျယ် ၉ ပေ ခွဲ၊ ရေလမ်းကင်းလွတ် အမြင့်(၁၅)ပေ၊ အကျယ်ပေ(၂၀)ရှိ ကွန်ကရစ် အာရ်စီတံတားကို ငွေကျပ်သိန်း(၃၀၀)ခန့်အကုန်ကျခံ တည်ဆောက် ပေးထားခြင်းဖြစ်ပြီး တံတားခံနိုင်ရေမှာ (၃၅)တန်အထိမော်တော် ယာဥ်များ သွားလာနိုင်ရန်တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။ ချောင်းကူးတံတားပြီး စီးသွားသည့်အတွက် အိုးဖိုအနောက်ရပ်ကွက်မှတစ်ဆင့် တွံတေးတူးမြောင်းအရှေ့ဖက်ကမ်း ကျေးရွာချင်းဆက် မြေသားလမ်းကနေ အန်းပင်ချောင်းကျေးရွာအထိ သွားလာနိုင်ပြီးဖြစ် ကြောင်း သိရ သည်။
အဆိုပါတံတားသစ်တည်ဆောက်ပေးခဲ့သည့် အတွက် အ.မ.က စာသင်ကျောင်းရှိသည့်အတွက် ချောင်းကိုဝါးတံတားကနေ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက တစ်ဖက် ကမ်းကူး၍ စာပေသင်ကြားရကြောင်း၊ ကျောင်းသား၊ကျောင်းသူများ အန္တရာယ် ကင်းရှင်းရေး အတွက် ယခုအခါ အလှူရှင်များ၏ကောင်းမှုဖြင့် ကွန်ကရစ်တံတားသစ်တစ်စင်းကို တည်ဆောက် ပေးခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအန္တရာယ်ကင်းရှင်းစွာ ချောင်းကို ကျော်ဖြတ်၍ သွားလာရသည့်အပြင် ယခင်ကရေလမ်းသာပေါက်သော ရေဝက်ချောင်း ကျေးရွာ သည် အိုးဖိုအနောက်ရပ်ကွက် ကျေးရွာချင်းဆက်မြေသားလမ်းကနေ တွံတေးမြို့ပေါ်သို့ အလွယ်တကူသွားရောက်နိုင်သည့်အတွက် ရေလမ်းကိုအားကိုးအားထားပြုရာမှ ကုန်းလမ်းကိုပါ သွားလာ၍ ရပြီးဖြစ်ကြောင်း၊ သိရသည်။
အဆိုပါတံတားသစ်ကြီးပြီး စီးသွားသည့်အတွက်တွံတေးမြို့ ပေါ်သိုရေဝက်ချောင်း၊ အုန်းပင်ချောင်း မှအိမ်ခြေ(၁၅၀)ကျော်မှ ပြည်သူ (၁၅၀၀)ကျော် ယခင်ရေလမ်းကိုသာ အားကိုး အားထားပြုရာမှ တံတားများ၊ ကျေးရွာချင်းဆက်လမ်းများ အဆင့်မြင့်တင်ပြီးပါက ဒေသခံပြည် သူများ၏ ဒေသထုတ်ကုန်များဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းထွတ် ထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းမှထွက်ရှိမည့် မွေးမြူရေးထုတ်ကုန်များကို တွံတေးတူးမြောင်း အရှေ့ခြမ်းမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်နိုင်မှာ ဖြစ်ပြီးဒေသခံပြည်သူတွေ့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ဝမ်းသာပီတိ ဖြစ်နေကြကြောင်းသိရှိရသည်။
တွံတေးသား