ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေ များအားကွင်း ဆင်းစစ်ဆေး

ထန်းတပင် စက်တင်ဘာလ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမ အသင်းသား တောင်သူများ၏ မိုးစပါးစိုက် ပျိုးမှုအခြေအနေများကို စက်တင်ဘာလ (၁)ရက်နေ့၊ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ် ဆေးသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ကြို့ကုန်းကျေးရွာတွင် ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမ အသင်း လီမိတက်မှ အသင်းသား တောင်သူ (၅၃)ဦး စိုက်ပျိုးထားသည့် ဆင်းသုခစပါးစိုက်ခင်း (၄၅၂)ဧကကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးစပါးများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများအား အချိန်အခါနှင့်အညီစနစ် တကျအသုံးပြု သွားရန်နှင့်ပျက်စီး လေ့လွင့်မှုနည်းအောင်ဆောင်ရွက် သွားရန်တို့ကိုအသိပညာပေးရှင်းလင်းပြောကြားသည်။

ထန်းတပင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှပံ့ပိုးငွေရယူ၍ ကန်ထရိုက်လယ်ယာစနစ် ဖြင့်ဆောင်ရွက်လျက်ရှိသောသမဝါယမအသင်းသား တောင်သူ(၁၁၇)ဦးရှိပြီး မိုးစပါးစိုက်ဧက(၁၁၂၀)ဧက စိုက်ပျိုးထားရှိကြောင်းလည်းသိရသည်။                

ဇင်မင်းထိုက်(ထန်းတပင်)