တန့်ယန်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရာသီဉတု ကောင်းမွန်ခြင်းကြောင့် ဒေသထွက် နာနတ်သီးများ လှိုင်လှိုင်ပေါ်၍ ရောင်းအားကောင်း လျက်ရှိခြင်းကြောင့် နာနတ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
ဒေသထွက် နာနတ်သီးများကို ယခင်က တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ရာမှ ယခုအခါ စျေးကွက်ရှိလာခြင်း၊ မိသားစု ဝင်ငွေ ရရှိလာခြင်းတို့ကြောင့် စီးပွားဖြစ် အနေဖြင့် သဘာဝမြေသြဇာကိုသာ အသုံးပြုစိုက်ပျိုးကြရာ ယခုနှစ် တွင် အရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် တစ်ထောင်မှ နှစ်ထောင်ကျပ်အထိ စျေးကောင်းရရှိပြီး မြို့ကြီးများရှိ ပွဲရုံများနှင့် သစ်သီးအရောင်းဆိုင်များသို့ပါ ကားကြီး၊ ကားငယ်များဖြင့် တင်ပို့ရောင်းချနေလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)