မိုင်းရှူး စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာ ရေးနှစ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် (MCCT) ထောက်ပံ့ငွေနှင့်ပစ္စည်းများကို စက်တင်ဘာ ၁ ရက်နေ့ ညနေ(၄)နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ရာတွင် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲလင်းထဋ်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ် အောက်ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက် ထောက်ပံ့ငွေ၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာမုန့်များ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)