မိုင်းနောင်မြို့မူလစျေးဆိုင်ခန်းများ အားအသစ်ပြန်လည်တည်ဆောက်နိုင် ရေးကွင်းဆင်းတိုင်း တာခြင်းများဆောင်ရွက်

မိုင်းနောင် စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် (၅)ရက်တစ် စျေးရောင်းချနေ သောပျံကျ စျေးဆိုင်ခန်းများအား အသစ် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာခြင်း ကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးစည်သူထွန်း၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာန၊ တာဝန်ခံဦးမျိုးညွန့်ဝင်းနှင့် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စျေးကော်မတီ များပူးပေါင်းကာ မူလစျေးဆိုင်ခန်းဟောင်း နေရာများအား ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

မိုင်းနောင်မြို့ပျံကျစျေးသည် (၅)ရက်တစ်စျေးဖြစ်ပြီး ကျေးသီး၊ မိုင်းရှူး၊ လဲချား၊ ပင်လုံနှင့်အနီး ကျေးရွာ များရှိပလောင်၊ လီဆူး၊ လီရှော၊ လားဟူ၊ ရှမ်းတိုင်းရင်းသားများ လာရောက်ရောင်း ချလျက်ရှိရာ ယခုအခါ စျေးသည်၊ စျေးဝယ်များအားလုံး ရာသီမရွေးအဆင်ပြေပြေ ရောင်းဝယ် နိုင်ရေးနှင့်သန့်ရှင်းသပ်ရပ်၍ ရောဂါအမျိုမျိုးတို့မှ ကင်းဝေးစေရေးအတွက် မူလစျေးဆိုင်ခန်းများ အားအသစ်ပြန်လည်တည်ဆောက်ရခြင်းဖြစ်ကြောင်းစျေးကော်မတီတစ်ဦးထံမှသိရှိရသည်။

မနန်း(မိုင်းနောင်)