မိုင်းငေါ့မြို့၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းငေါ့ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အ.မ.က ကျောင်း(တာလုံ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မိုက ကျောင်းသား၊ ကျောင်းသူများအား  စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသားကျောင်းသူများ စိတ်ရွှင်လန်းအပန်းဖြေနိုင်စေရန်အတွက် စာရေးဆရာ ကိုလင်း ရေးသားထားသော ”မိတ်ဆွေစကားနားမထောင်မိ၍ ဒုက္ခရောက်မိသူ” ရုပ်ပြပုံပြင်စာအုပ်ဖြစ်  ကျောင်းသား၊ ကျောင်းသူလေးများအားပုံပြောပြခြင်း အစီအစဉ်ကိုလည်းဆောင်ရွက်ပေခဲ့ပြီး အသိပညာဗဟုသုတများရရှိစေရန် Mobile စာအုပ်ငှားရမ်းပေးချင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)