ပြင်ဦးလွင် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေးဟောပြော ဆွေးနွေးမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲတွင် ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ခရိုင်တာဝန်ခံ ဦးသက်လွင်ထူးက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည့် စားသုံးသူအခွင့် အရေးဆိုင်ရာများ၊ စားသုံးသူအခွင့်အရေးများချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အများပြည်သူ သိရှိနားလည်စေရေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]