ကျိုင်းတုံ စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်မျာအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်မျာအား(MCCT) ထောက်ပံ့ငွေကြေးများကို အကျိုးခံစားခွင့်ရှိသူ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်မျာအား (MCCT)ထောက်ပံ့ငွေကြေးများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၈)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ် ၂၄၈၈ ဦး အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇွန်လအတွက် တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၁၀၀၀ ကျော်ကို ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာနရုံးက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူ ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)