ဒလမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒလ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်  သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးတွင် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဝင်‌ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက်  ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ အိမ်ခြံမြေများရောင်းဝယ်ပြီး အခွန်ရှောင်ခြင်းမပြုလုပ်ကြရန်၊ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် နေကြာစိုက်ပျိုးရန်အတွက် ရေလုံလောက်စွာ ရရှိစေရန်လိုအပ်ကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများ သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးကိစ္စများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းအောင်က ရုံးတွင် CCTV များတပ်ဆင်ထားခြင်းနှင့် ရုံးအဝင်အထွက်မှတ်တမ်းများထားရှိရန် လိုအပ်ကြောင်းဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဗိုလ်မှူးဝင်းကျော်ထိုက်မှ မြို့နယ်လုံခြုံရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့လျှောက်ဆောင်ရွက်မည့် လုပ်ငန်းများအား အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

ကျော်စည်သူ