ကျိုင်းတုံ စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကလေးများအား အသိပညာပေး အချိန်ပိုင်းသင်တန်းကို ဩဂုတ် ၃၀ ရက်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ဦးစွာ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ခင်မြင့်နှင့် ခရိုင်ဥပဒေအရာရှိဦးဝင်းမောင်တို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာရည်ရွယ်ချက်များ၊အခွင့်အရေးများ၊ ပြစ်မှုပြစ်ဒဏ်များ၊ မသန်စွမ်းကလေးများနှင့်ပတ်သက်၍ ရရှိနိုင်သည့်အခွင့်အရေးများစသည့် အကြောင်းအရာများအား ကျောင်းသား၊ကျောင်းသူကလေး သူငယ်များအား ရှင်းလင်းပို့ချသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များနှင့်ဆရာ၊ဆရာမများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)