နောင်ချို စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်းကောက်ယူရေးအတွက် GSI နည်းပညာအသုံးပြု၍ Census Units များကွင်းဆင်း မြေပုံရေးဆွဲခြင်းကို ပြည်သူ့အင်အားဦးစီးဌာန (နေပြည်တော်)မှ အကြီးတန်းစာရေး ဦးခီးရယ်ပါ (၃)ဦးအဖွဲ့သည် နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)ရုံးခန်းမတွင် ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်းကောက်ယူရေးအတွက် GSI နည်းပညာအသုံးပြု၍ Census Units များ ကွင်းဆင်းရေးဆွဲခြင်းလုပ်ငန်းများကို နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဆန်းမင်အောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် နောင်ချိုမြို့ပေါ် (၆)ရပ်ကွက်အား ရပ်ကွက်မြေပုံနှင့် မြေပြင်အိမ်ခြေ၊ အိမ်ထောင်စုများအား Google Map ဖြင့် နယ်နိမိတ်ပိုင်းခြားခြင်း၊ လူဦးရေအလိုက်၊ လမ်းအလိုက် ကောက်ကွက်ဖွဲ့ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်းကောက်ယူရေးအတွက် GSI နည်းပညာအသုံးပြု၍ Census Units များ ကွင်းဆင်းရေးဆွဲပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)