မိုင်းခတ်မြို့နယ်တွင် ကိုယ်ဝန်‌ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်

မိုင်းခတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အမှာစကားပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဦးက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ရခြင်း (MCCT) အစီအစဉ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဉ်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် မိုင်းခတ်မြို့နယ်မှ အကျိုးခံစားခွင့်ရှိသူစုစုပေါင်း မိခင်(၁၉၆)ဦး၊ ကလေး(၂၈၃)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ

(၂၀၇၀၀၀၀၀)ကျပ်အား သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ရာရပ်ကွက်/ကျေးရွာများမှ အုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူကာ အကျိုးခံစားခွင့်ရှိသူများ ထံလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)