မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများ ဆောင်ရွက်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မုံးကိုး စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်နှင့် အသင်းတော်အခြေပြု ပညာရေးသာသနာဂေဟာအဖွဲ့မှ ကြီးမှူး‌၍ နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများ ဆောင်ရွက်ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၂၉ ရက်နေ့ညနေ(၃:၀၀)နာရီအချိန်က  မုံးကိုးမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၉၉) ခြေလျင်တပ်မဌာနချုပ် ဒုတိယဉီးစီးမှူး ဗိုလ်မှူးကြီး ဦးဆိုင်လှိုင်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးလျံရှင်းမုံတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးညီလေးမှ နိုင်ငံသားကတ်ပြားနှင့်စပ်လျဉ်း၍ ကောင်းကျိုး/ ဆိုးကျိုးများရှိပုံကို ရှင်းလင်းပြောကြားခြင်း၊ သက်သေခံကတ်ပြားအကြောင်းနှင့်ပတ်သက်၍လည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်သားလူမျိုးများအား နိုင်ငံသားစီစစ်ရေး သက်သေခံကတ်ပြားဆောင်ရွက်ပေးနိုင်ရန်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီလေးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အကျိုးကျေးဇူးနှင့် သတိပြုလိုက်နာရမည့်အချက်များအား ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ နိုင်ငံသားစီစစ်ကတ်ပြားများကို အသင်းတော်ခြေပြုသာသနာ့ ဂေဟာမှကျောင်းသူ/သား(၃၉)ဦးနှင့် ကျောင်းသားမိဘ(၅)ဦး၊ စုစုပေါင်း(၄၄)ဦးကို ပေးအပ်နိုင်ခဲ့ကြောင်းကို သိရှိခဲ့ရပါသည်။ အဆိုပါဒေသခံတိုင်းရင်သားများက နိုင်ငံသားစီစစ်ရေးအကြောင်းများကို သိရှိနိုင်ရန်နားမလည်းနိုင်သည့် အကြောင်းအရာများကိုမေးမြန်းခဲ့ကြပါသည်။ ဆက်လက်၍ နိုင်ငံသားစီစစ်ရေးကတ်ပြားအတွက် အသင်းတော်အခြေပြုပညာရေးသာသနာဂေဟာမှူး ကျောင်းအုပ်ဆရာကြီး ဦးဇေဒေါင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းနားပြီးဆုံးခဲ့ကြောင်း သိရသည်။ 

အခမ်းနားတွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဉီးစီးမှူးဦးညီလေး၊ မုံးကိုးမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးလျံရှင်းမုံနှင့်တကွ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လီဆူယဉ်ကျေးမှုအဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။

မေစံပယ်ဖူး (မုံးကိုး)