မက်မန်းမြို့နယ်တွင် ထောပတ်(၂၉၀၀)ပင် စမ်းသပ်စိုက်ပျိုးလျက်ရှိ

မက်မန်း စက်တင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် မက်မန်းမြို့နယ်အတွင်း နှစ်ရှည်သီးနှံများစိုက်ပျိုး၍ ဝင်ငွေတိုးတက်စေရန်အတွက် ထောပတ်(၂၉၉၀)ပင်ကို ကျေးရွာများတွင် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောပတ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များကို ဒေသခံစိုက်ပျိုးရေး တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ပြီး ထောပတ်စိုက်ပျိုးမှုနည်းစနစ်များကိုလည်း ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ မက်မန်းမြို့နယ်တွင် နှစ်ရှည်သီးနှံပင်များကို စတင်၍စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မှစ၍ ထောက်ပတ်ပင်(၂၉၀၀)ပင်၊ (၂၆ .၈၅)ဧက စမ်းသပ်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမျိုးခိုင်ထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)