မတ္တရာ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဥပဒေအထောက်အကူပြု ကော်မတီတို့ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာ ပေးဆွေးနွေးပွဲ(TALK SHOW)ကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က အဆိုပါရုံးရှိ (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင်TALK SHOWတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်နှင့် မြို့နယ်ဥပဒေအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးနေဇော်ဦးကိုကိုတို့မှ ကလေးအလုပ်သမားလို့သတ်မှတ်တဲ့ အသက်အရွယ်၊ မိသားစုအခြေအနေ အရ ကလေးတွေကို အလုပ်ခိုင်းမည်ဆိုလျှင် မခိုင်းသင့်သော နေရာများ၊ ခိုင်းသင့်သောနေရာများ၊ မိသားစုအခြေအနေအရ၊ အလုပ်လုပ်ခိုင်းရတဲ့အပေါ်မှာ အန္တရာယ်ဖြစ်ခဲ့လျှင် ဥပဒေက အကာအကွယ်ပေးနိုင်မှု၊ ကလေးတွေကို တောင်းရမ်းတဲ့နေရာမှာ အသုံးချစေခိုင်းလျှင် ဥပဒေကဘယ်လို ကာကွယ်ပေးထားသလဲ၊ ဟိုတယ်၊ မိုတယ်၊ KTVတွေမှာ ပြည့်တန်ဆာအဖြစ် အသက်မပြည်သေးတဲ့ ကလေးတွေကို စေခိုင်းရာတွင် ကလေးတွေကို ကာကွယ်ပေးမှု စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ TALK SHOWကို၊ ရွှေရာမြေ လူမှုကွန်ယက် စာမျက်နှာနှင့် မတ္တရာမြို့နယ် ပြည်သူ့စာကြည့်တိုက် Pageတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)