ပင်းတယမြို့နယ်၌ မြို့နယ်အဆင့်ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပင်းတယ စက်တင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဩဂုတ် ၃၀ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အဆင့် ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်မိုးလွင်က ပင်းတယမြို့နယ်အတွင်း KTV ဆိုင်များနှင့်ပတ်သက်၍ လုပ်ငန်းလျောက်ထားမှုအပေါ် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိတို့ကို စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ဗီဒီယိုလုပ်ငန်းကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းဆောင်ရွက်ကာ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆိုင်များခွင့်ပြု၍ သတ်မှတ်ချက်နှင့်မညီသည့် ဆိုင်များအား စိစစ်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ပင်းတယမြို့နယ်အတွင်းရှိ KTV များ၊ ကာရာအိုကေများ၊ Bar များ၊ Club များ၊ Unpluggedများ၊ စားသောက်ဆိုင်များနှင့်ပတ်သက်၍ စိစစ်ကြီးကြပ် ဆောင်ရွက်နိုင်ရေးအတွက် ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့်ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်မှု လုပ်ငန်းကော်မတီအတွင်းရေးမှူး (ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ) ဒေါ်မိုးမိုးထွေးက ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဗွီဒီယိုလုပ်ငန်းစိစစ် ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ မြို့နယ်အဆင့်ဗွီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)