ညောင်ဦး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ဝန် ထမ်းမိသားစုများ လပြည်နေ့တိုင်း အစဉ်အလာမပျက်အရုဏ်ဆွမ်းလောင်းလှူခြင်းကို ဩဂုတ် ၃၁ ရက်၊ ဝါခေါင်လ ပြည့်(မေတ္တာအခါတော်)နေ့ ယနေ့ နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဉီးဆောင်ကာ ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ဝက်သားချက်၊ ချဉ်ပေါင်ရွက်ချက်၊ ပဲနှပ်၊သရက်ချဉ်သုပ်၊ ကြောင်လျှာပွင့်သုပ်၊ လက်ဘက်ပဲကြော်နှင့်ဆပ်ပြာမှုန့်ထုပ်တို့အား ဇေယျဝတီစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် ကျန်စစ်သားဥမင်စာသင် တိုက်ရှိ ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့ နံနက်တိုင်းအစဉ်လာမပျက် အရုဏ်ဆွမ်းလောင်းလှူခဲ့ရာ ယနေ့ဝါခေါင် အပြည့် (မေတ္တာအခါတော်)နေ့တွင်လည်း အရုဏ်ဆွမ်း (၂၆) ကြိမ်မြောက် လောင်းလှူခဲ့ပြီ ဖြစ်ကြောင်းသံဃာအပါး (၈၀) တို့ အားပုံမှန်လောင်းလှူခဲ့ပြီး ညောင်ဦးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်းသိရသည်။
ဒီပါလင်း