လယ်ဝေး သြဂုတ် ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ဩဂုတ် ၂၉ ရက်နေ့က လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကလယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၅၅ ဦး၊ အ.ထ.က(၂) တွင် ၅၃ ဦး စုစုပေါင်း ၁၀၈ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ်ရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ကျောင်းများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်ဆက်)