ပုဇွန်တောင် ဩဂုတ် ၃၁
၂၀၂၃ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ် ၁နာရီက ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ဂီတအစည်းအရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မြို့နယ်ဂုဏ်ဆောင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်း ခရိုင်အဆင့်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၇) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲဝင်ဝါသနာရှင် (၅) ဦး၊ အတီးပြိုင်ပွဲဝင် ဝါသနာရှင် (၁) ဦးနှင့် အရေးပြိုင်ပွဲဝင် ဝါသနာရှင် (၁) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်