တပ်ကုန်း ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၂၉ ရက်နေ့နံနက်ပိုင်းက ရွှေမြို့အခြေခံပညာကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ် ရွှေမြို့တိုက်နယ် ကျန်းမာရေးမှူးနှင့် ကာကွယ်ဆေးထိုးကျန်းမာရေးဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာမများ ပူးပေါင်း၍ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး၊ ရွှေမြို့အခြေခံပညာကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တွင် ကျောင်းပေါင်း ၁၃ ကျောင်း၊ ကျောင်းသူပေါင်း ၆၂၅ ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပြီးခဲ့ကြောင်းနှင့် ကျန်ကျောင်းသူများလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်