ကျောက်ဆည် ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံမျိုးစုံ(၃၆၅)ဧက စိုက်ပျိုးရေများပြည့်ဝစွာပေးနိုင်ရေး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွားတက်ခွဲမြောင်း၌ တိုက်ရိုက်ရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
ရေပေးပြွန်များ ပြန်လည်ပြုခြင်းအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၃၇.၀၀)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာနှင့် ဟံမြင့်မိုရ်ကျေးရွာအနီး နွားတက်ခွဲ မြောင်း၏ ပေတိုင်အမှတ်(၂+၅၀၀)၊ (၆+၈၅၀)၊ (၂၈+၀၅၀)၊ (၂၈+၃၉၀)၊ (၂၈+၉၃၄)၊ မှ တိုက်ရိုက် စိုက်ပျိုးရေပေးဝေနေသည့် ပြွန်များဖြစ်ပြီး ပြွန်များမှာနှစ်ကာလကြာမြင့်ပြီး ပြွန်ထိပ်နဖူးစည်းဘေးဝဲ/ယာတွင် ကျောက်စီနံရံမရှိခြင်း၊ ထိန်းချုပ်ရေထိန်းတံခါး မပါသဖြင့် အလှည်ကျစနစ်ဖြင့် စိုက်ပျိုးရေများ ပေးဝေရာတွင် မြောင်းအထက်ပိုင်းရှိ သီးနှံစိုက်ခင်းများရေပိုရ၍ မြောင်းအောက်ပိုင်းသီးနှံစိုက်ခင်းများတွင် စိုက်ပျိုးရေ လောက်ငှမှုမရရှိခြင်းတို့ကြောင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင် ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေပြွန်များပြည်လည်ပြုပြင်ပေးခြင်းဖြင့် ကျေးလက်နေတောင်သူများ၏ သီးနှံမျိုးစုံစိုက်ခင်းများအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် သီးနှံများအောင်မြင်သည့်အထိ ပေးဝေနိုင်တော့မည်ဖြစ်သဖြင့် လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)