တန့်ယန်း သြဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဘုရားစေတီရုပ်ပွားတော်များ ရောင်တော်ဖွင့်ခြင်းနှင့်စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်ခြင်းကို ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများစုပေါင်းကာ အောင်မင်္ဂလာစေတီတော်နှင့်သိမ်ကျောင်းတို့အား သြဂုတ်လ၃၀ရက် နံနက် ၈ နာရီက စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တန့်ယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့်အကြီးအကဲများက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။
အဆိုပါ စုပေါင်းဆောင်ရွက်နေမှုတွင် ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများ စုစုပေါင်းအင်အား(၈၀)ဦးခန့်က ဘုရားစေတီတော်နှင့် သိမ်ကျောင်းအနီးတဝိုက်ရှိ ပေါင်းမြက်များအားရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)