မန္တလေးမြို့နယ် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊နွားများအား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်

မဟာအောင်မြေ  ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက် သတ္တပတ်အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းကပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းရပ်ကွက်တွင် ကျင်းပခဲ့သည်။

ဦးစွာ မန္တလေးမြို့နယ် ဦးစီးမှုနှင့်ဝန်ထမ်းများ ကျွဲ၊ နွားမွေးမြူရေးခြံများကို ကွင်းဆင်းပြီးရောဂါကာကွယ်တာဆီးဆိုင်ရာ အသိပညာပေးဟောပြောပြီး ကျွဲ၊နွားများအား ကာကွယ်ဆေးထိုးနှံပေး၍ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း