အောင်မြေသာစံမြို့နယ်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်

အောင်မြေသာစံ   ဩဂုတ်  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးရုံး သင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အမှာစကားပြောပြီး သင်တန်းကို ဆက်လက်ပို့ချရာ မန္တလေးခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့မှ ဝန်ထမ်းများတက်‌ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဝန်ထမ်းများက Zoom System ဖြင့် တက်ရောက်ကြသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါ၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် မြို့နယ်ဦးစီးအရာရှိများ၊ ဓါတ်ပုံကျွမ်းကျင်ဝန်ထမ်းများ၊ ဒုတိယဦးစီးမှူး၊ စာကြည့် တိုက်လက်ထောက်နှင့်စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

သင်တန်းတွင် သတင်းရိုက်ကူးတည်းဖြတ်ခြင်းနှင့်ပါတ်သက်သည့် ညွှန်ကြားချက်များကို ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးပလည်းကောင်း၊သတင်းဖတ်ကြားတင်ဆက်ခြင်းကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါကလည်းကောင်း၊ သတင်းရိုက်ကူးတည်းဖြတ်ခြင်းကို ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်ကလည်းကောင်း အသီးသီးသင်ကြားပို့ချပေးကြပြီး သင်တန်းကာလမှာ သုံးရက်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)