ပုဗ္ဗသီရိ ဩဂုတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ အ.ထ.က-၁၃ ၌ ပုဗ္ဗသီရိမြို့နယ် ကုတင်-၅၀ ဆေးရုံမှ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပုဗ္ဗသီရိမြို့နယ် ပုဗ္ဗသီရိမြို့နယ် ကုတင်-၅၀ ဆေးရုံမှ ကျန်းမာရေးအဆင့်(၁)ဒေါ်မိုးမိုးခိုင်၏ ကြီးကြပ်မှုဖြင့် ပုဗ္ဗသီရိမြို့နယ် ကုတင်-၅၀ ဆေးရုံမှ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ အ.ထ.က-၁၃ မှ ကျောင်းသူ(၂၆၉)တို့အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV=Human. Peppiloma Virus)များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)