တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ ပြန်လည်ရွေးချယ်ဖွဲ့စည်း

တပ်ကုန်း ဩဂုတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အဆိုပါအဖွဲ့ရွေးချယ်ဖွဲ့စည်းရာတွင် မြို့နယ်ဗွီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်() ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်တို့က မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီးနောက်  မြို့နယ်အဆင့်ကိုယ်စားလှယ် ဦး၊ ခရိုင် ကိုယ်စားလှယ် ဦး၊ တိုင်းအဆင့် ကိုယ်စားလှယ် ဦး ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်