မြင်းခြံ အောက်တိုဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ မြင်းခြံမြို့နယ်အတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် မြင်းခြံမြို့ အဖြူရောင် လက်များ ပရဟိတအသင်းက COVID-19 Mobile Swab Collection မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မြင်းခြံမြို့နယ်အတွင်း လိုအပ်သည့်နေရာများတွင် Swab နမူနာယူသည့်အခါ အသုံး ပြုနိုင်ရန် အတွက် ရည်ရွယ်ကာ အဆိုပါ ယာဉ်တွင် ကျန်းမာရေးအထောက်အကူပစ္စည်းများနှင့် လေအေး ပေးစက် ပါဝင်ကြောင်း သိရသည်။
"ကျန်းမာရေးဝန်ထမ်းတွေ Swab နမူနာယူရမည့် နေရာများတဲ့ အချိန်မှာ လျှင်မြန်စွာ ယူနိုင်ဖို့နဲ့ PPE ဝတ်စုံ အသုံးပြုစရာမလိုတော့ပါဘူး Mobile Swab Station ဖြစ်ပြီး Safety ဖြစ် အောင်လုပ်ထားတယ်၊ Swab ယူမယ့်ဆရာဝန် ပညာရှင်တွေ သုံးဦး တစ်ပြိုင်နက်ထဲ ယူလို့ရမယ်၊ ဘယ်နေရာမဆို သွားလို့ရတယ် အပြင်က လေမဝင်နိုင်အောင် အလုံပိတ်လုပ်ထားတယ် လျှပ်စစ်မီး စက်နဲ့ အသုံးပြုလို့ရအောင်လုပ်ထားပြီး အထဲကို လေအေးပေးစက်ပါတပ်ဆင်ပေးထားပါတယ်၊ ကားကိုတော့ ကျွန်တော်တို့အသင်းကားဖြစ်ပြီး ကျန်တဲ့အပိုင်းကိုတော့ အလှူရှင် များက စုပေါင်း လှူထားပါတယ် လေအေးပေးစက်ကိုတော့ VSK International Co,Ltd. Midea Air Conditioner က လှူဒါန်းပေးထားပြီး ကားမောင်းဖို့အတွက် ကျွန်တော်တို့ အသင်းမှ လိုက်ပါဆောင်ရွက် ပေးမှာပါ" ဟု အဖြူရောင်လက်များ ပရဟိအသင်းဥက္ကဋ္ဌ ဦးအေးချမ်းနိုင်က ပြောသည်။
အဆိုပါ COVID-19 Mobile Swab Collection ကားကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မကြာခင်ရက်ပိုင်းတွင် ပေးအပ်သွားမည်ဖြစ်ပြီး Swab နမူနာယူရမည့်အချိန်တိုင်း အဖြူရောင်လက်များပရဟိတအသင်းမှလည်း ပူးပေါင်းပါဝင် ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)