ဇေယျာသီရိ ဩဂုတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇော်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်နှင်ခြင်း၊ မော်တော်ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကိုမောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနှင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ဝန်ခံကတိဖြင့်လက်မှတ်ရေးထိုးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား အသိပေးပြောကြားခြင်းနှင့်နောင်တွင် စည်းကမ်းမလိုက်နာပါက အရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)