မိုင်းလုံမြို့တွင် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းရုံး ရေစက်ချတရားတော်နာနှင့် အလှူရှင်များ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

မိုင်းလုံ ဩဂုတ် ၂၉

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းရုံး ရေစက်ချတရားတော်နာနှင့် အလှူရှင်များ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က ခန္တီရပ်ကွက်ရှိ ဖြူစင်‌မေတ္တာ လူမှုကူညီရေးအသင်းရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် (၅) ပါးအား ဩကာသ ဘုရာရှိခိုးကန်တော့ချိုးဖြင့် ကန်တော့ပြီး ငါးပါးသီလခံယူ၍ ဧည့်ပရိတ်သတ်များက သံဃာတော်များ ရွတ်ဖတ်သရဇ္ဓျာယ်သော  မေတ္တာသုတ်တရားတော်ကို နာယူကာ လှူဖွယ်ဝတ္တုတို့ကို ဆက်ကပ်လှူဒါန်းပြီး ရေစက်ချအမျှဝေခဲ့ကြောင်း သိရသည်။

ပြီးနောက် အခမ်းအနားတွင် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းရုံး ဆောက်လုပ်ရာတွင် ပါဝင်ကူညီလှူဒါန်းထားသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဖြူစင်မေတ္တာအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ခဲ့ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)