မြစ်ကြီးနားမြို့၌ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စာပေဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဩဂုတ် ၂၉

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၊ ပလနကျေးရွာရှိ အခြေခံပညာ အထက်တန်း(ပလန)ကျောင်း အေးမြသီတာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား သည်။

ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်နှင့်အားကစားကဏ္ဍဖြင့် လည်းကောင်း၊ စာရေးဆရာ ဇေယျာညီညီက စာထဲက အသိပညာဖြင့် လည်းကောင်း၊ စာရေးဆရာ အကြီးကိုကို(ကသာ)က အနာဂတ်အတွက် စာဖတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း  အသိပညာပေးဟောပြောကြသည်။

ထို့နောက် (အထက-ပလန) ကျောင်းအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အားကစားပစ္စည်းများနှင့် သုတရသ စာအုပ်စာစောင်များ လှူဒါန်း ပေးအပ်ပြီး အဆိုပါကျောင်းမှ အားကစားသမား များအတွက် အားကစားဝတ်စုံစရိတ် (၂၀၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူ အင်အား(၇၀၀) ဦးခန့် တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)