ကျိုက်မရောမြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

ကျိုက်မရော အောက်တိုဘာ ၁၅

မွန်ပြည်နယ်ကျိုက်မရော မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း မသန်စွမ်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်ကကျိုက်မရောမြို့နယ်အတွင်း၌ မသန်စွမ်းသူ ဦးရေမှာ ၇၅၆ဦးရှိပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပေးစဉ်က မရရှိခဲ့သော မသန်စွမ်း (၆၇)ဦး အတွက်တတိယအကြိမ်အဖြစ် လူမှုဝန်ထမ်းဦးစီးဌာနမှ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှဦးစီးအရာရှိ ဒေါ်ခင်ဌေးဝင်းက မသန်စွမ်းသူ (၆၇) ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၀,၁၀၀၀ဝိ/-) ကျပ်အား ပေးအပ်ကာတာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျလွဲပြောင်းပေးအပ်ပြီး မသန်စွမ်းသူများ လက်ဝယ်အိမ်တိုင်ရာ ရောက်ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချိုချို(ပြန်/ဆက်)