အ.ထ.က-မြို့မကျောင်းမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်

ပေါက်တော   ဩဂုတ် ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ အ.ထ.က-မြို့မမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိသောင်းဦးဆောင်မှုဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှစုပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ပင့်သံဃာတော်(၅)ပါးတို့နှင့် ကျောင်းကော်မတီဝင်များ၊ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဓာတ်တောင်ကျောင်းတိုက် ဩဝါဒစရိယဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးထံမှ အနုမောဓနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)