ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောက်ဆည်  ဩဂုတ်၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဘော်လီဘောအသင်းသား/အသင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် ကျောက်ဆည်မြို့နယ်နှင့်မြစ်သားမြို့နယ် အမျိုးသား/အမျိုးသမီဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး  ပထမဆုရရှိခဲ့သော ကျောက်ဆည်မြို့နယ် အမျိုးသား/အမျိုးသမီးဘော်လီဘော အသင်းတို့အား ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဇော်နိုင်ဦးတို့က ငွေကျပ်(၂)သိန်း၊ ဆုဒိုင်းနှင့် ရွှေတံဆိပ်ဆုဆွဲပြားများအား ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိခဲ့သော  မြစ်သားမြို့နယ် (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောအသင်းတို့အား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးရွှေဦး၊ အဖွဲ့ဝင်(၂) ဦးအောင်သူနှင့် အဖွဲ့ဝင်(၃)ဦးစိုးပိုင်တို့က ငွေကျပ်(၇)သောင်းနှင့် ငွေသားဆုဆွဲပြားများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။  

သက်မောင် (ကျောက်ဆည်)