ရမည်းသင်း သြဂုတ် ၂၉
လူမှူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရမည်းသင်း မူလတန်းကြိုကျောင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရမည်းသင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကလေးမိဘများတက်ရောက်ခဲ့ သည်။ ရှေးဦးစွာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဆွေဆွေဝင်းက အမှာစကားပြောကြားရာ၌ ကလေးများအား ငယ်စဉ်မှစ၍ ဖွံ့ဖြိုးမှုငါးရပ်ဖွံ့ဖြိုးစေရန်နှင့် ပျော်ပွဲရွှင်ပွဲများတွင် ကလေးများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်၊ ကလေးများအားလုံး ဘက်စုံ ဖွံ့ဖြိုးမှုရရှိစေရန်၊ ကလေးများအနေဖြင့် ကာယစွမ်းရည်သာမကဉာဏစွမ်းရည်များပါ ဖွံ့ဖြိုးတိုးတက်စေရန်ရည် ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရမည်းသင်းမူလတန်းကြိုကျောင်းမှ ကလေးငယ်များက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ လက်မှုပန်းချီပြိုင်ပွဲ၊ ပုံပြင်နှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများနှင့် ဆုလက်ဆောင်များ အသီးသီးချီး မြှင့်ပေးခဲ့ကြောင်း သိရသည်။
ရန်နိုင်ထွန်း(ရမည်းသင်းခရိုင်ပြန်/ဆက်)