အခြေခံပညာ အလယ်တန်းကျောင်း(ဘောဂဗလ)၊ ရွှေကူ၌ လူငယ်စကားဝိုင်းကျင်းပ

ရွှေကူ ဩဂုတ် ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အခြေခံပညာ အလယ်တန်းကျောင်း (ဘောဂဗလ) တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် အထက(ဘိုကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန့်သန့်ဦးက “ယနေ့ လူငယ် နောင်ဝယ်လူကြီး” ဟူသည်နှင့် အညီ အနာဂတ် လူငယ်၊ လူရွယ်များ တိုင်းပြည်တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်ရာတွင် အသိပညာ၊ အတတ်ပညာဗဟု သုတဖြင့်ပြည့်စုံ၍ ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိဆောင်ရွက်နိုင်သည့် လူငယ်များဖြစ်လာစေရန် ကြိုးစားကြရန် ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းက အခြေခံကျောင်းများတွင် လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်း၊ Grade-9 မှ မောင်နိုင် ဝေအောင်က “လူငယ်နှင့် ရည်မှန်းချက်”၊ Grade-9 မစန္ဒာဝင်းက “လူငယ်နှင့် ထားရှိရမည့် ရည်မှန်း ချက်”၊ Grade-9 မှ မစန္ဒာမင်းထွန်းက “လူငယ်နှင့်စာဖတ်ခြင်း”၊ Grade-9 မှ မောင်ငွေဟိန်းက “လူငယ်နှင့်စာပေ” ခေါင်းစဉ်များဖြင့်   အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ကျောင်းသား/သူများက  ခေါင်းစဉ်ပါအကြောင်းအရာ ဆွေးနွေးချက်များနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းဆွေးနွေးသော ကျောင်းသား/သူများ နှင့် ပြန်/ဆက်ဦးစီးမှူးတို့က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်